ရေဒီရေးရှင်းအကြောင်းသိသလောက်...
အိုင်ယွန်နိုင်ဇေး၇ှင်းဓါတ်ေ၇ာင်ခြည်
အိုင်ယွန်နိုင်ဇေး၇ှင်းဓါတ်ေ၇ာင်ခြည် (ionization radiation)ဆိုသည်မှာလျှပ်စစ်သံလိုက်လှိုင်းတစ်မျိုးပင်ဖြစ်ပါတယ်။ထိုေေ၇ာင်
ခြည်က်ပတ်ဝန်းကျင်၇ှိအ၇ာဝတ္တုတို့ နှင့် ဓါတ်ပြုမှုဖြစ်ပါက လျှပ်မဲ့အက်တမ်များ(သို့ ) မော်လီကျူးများကို လျှပ်စစ်ဓါတ်ဆောင် အမှုန်များအဖြစ်သို. ပြောင်းလဲစေပါသည်။ထို့ ကြောင့်စွမ်းအင် ပမာဏ ၁၀အီလကတ၇ွန်ဗို့ နှင့်၎င်းအထက် စွမ်းအင်၇ှိသော ဖိုတွန်များ (photon)၊ စွမ်းအင်ပမာဏ အနည်းငယ်မှ အီလက်ထ၇ွန်ဗို့ ထိပမာဏ၇ှိသော (charged particle)
လျှစ်စစ်ဓါတ်ဆောင်အမှုန်စီးကြောင်းနှင့်စွမ်းအင်ပမာဏ ၁၀ အီလက်ထ၇ွန်ဗို့ နှင့်အထက်၇ှိသောလျှပ်မဲ့အမှုန်များ(အက်တမ်/မော်လီကျူး) ကို အိုင်ယွန်နိုင်ဇေး၇ှင်းဓါတ်ေ၇ာင်ခြည် ဟု ခေါ်ဆိုနိုင်ပါသည်။် ionization radiation ဆိုတာ အမှန်တော့ အမှုန်စီးကြောင်းတွေပါပဲ ။
အိုင်ယွန်နိုင်ဇေး၇ှင်းဓါတ်ေ၇ာင်ခြည် ပင်ရင်းများ (sources of ionization radiation)
သဘာဝပင်ရင်းများ ။ ။ဒီအမျိုးအစားတွေကတော့ ကမ္ဘာမြေမျက်နှာပြင်နဲ့ ကျောက်ဆောင်တောင်တန်းတွေမှာတွေ့ ရတတ်တဲ့ ၊ ၊ ၊ စတဲ့ သဘာဝရေဒီယိုသတ္တိကြွ ဒြပ်စင်တွေပါဘဲ။ ၊ တွေကတော့ လေထုထဲမှာရှိတဲ့ သဘာဝရေဒီယိုသတ္တိကြွဓတ်ငွေ့ တွေပါ။ ဒီဓါတ်ငွေ့ တွေကလည်း ionization source တွေပါပဲ။
အာကာသမှလာသော ionization radiation များ။ ။ဒီအပိုင်းမှာ အဓိကဇတ်ဆောင်က တော့ နေ(sun)ပါဘဲ။နေမှ ionization gas (သို့ ) plasma တွေက 1 second ကို 300 ကီလိုမီတာ နှုန်း နဲ့ စကြာဝဠာကြီး တခုလုံးကို ဖြန့် ထွက်နေပါတယ်။နေမှ ထွက်သော plasma မှာ အီလက်ထရွန်များနဲ့ လျပ်စစ်ဓါတ်ဆောင် အမှုန်များပါနေပါတယ်။ဒါအပြင် နေဟာအဆက်မပြတ် ပေါက်ကွဲမှု ဖြစ်နေသော ဓါတ်ငွေ့  လုံးကြီးဖြစ်ပါတယ်။ တနေ့ တာ အတွင်း အားပြင်းပေါက်ကဲ မှုတွေ တခါတရံဖြစ်တတ်ပြီး အားပျော့ တဲ့ပေါက်ကွဲမှုတွေကတော့ အဆက်မပြတ်ဖြစ်နေပါတယ်။အားပြင်းပေါက်ကွဲမှု တစ်ကြိမ် ဖြစ်တိုင်းမှာ စွမ်းအင်အလွန်ုမြင့်မား သော ပရိုတွန်နဲ့ တခြားအိုင်ယွန်တွေထွက်ပါတယ်။ ပေါက် ကွဲမှု တခု ဖြစ်တိုင်း နေမှထွက်သောလျပ်စစ်သံလိုက်လှိုင်း (electromagnetic wave) များက ၈ မီနစ်အတွင်း ကမ္ဘာပတ်လမ်းကိုရောက်လာပါတယ်။ကျွန်တော်တို့၏ ကမ္ဘာမြေကြီးကို နေဘက်ကိုဦးတည်နေသော(၆၅၀၀၀) ကီလိုမီတာရှိသော သံလိုက်စက်ကွင်း က ဝန်းရံလျက်ရှိနေပါတယ်။စွမ်းအင်နည်းသော လျှပ်စစ်ဓါတ်ဆောင်အမှုန်များကတော့ ကမ္ဘာ့သံလိုက်စက်ကွင်း၏တွန်းကန်မှုကြောင့်ကမ္ဘာ့မြေပေါ်သို့ရောက်မလာတော့ပါ။ဒါပေမဲ့ စွမ်းအားပြင်းအမှုန်များကတော့ ကမ္ဘာ့လေထုအပေါ်ယံလွာထိရောက်ရှိကာ အက်တမ်များနှင့်ဓါတ်ပြုမှုဖြစ်ပါတယ်။ဒီဖြစ်စဉ်ရဲ့ ရလဒ်ကတော့ ကမ္ဘာမြေပြင်မှ အမြင့် ကီလိုမီတာ ၅၀၀ မှ ၁၀၀၀ ကြားတွင် သီးခြားအိုင်ယွန်အဏုမြူတိမ်တိုက်များ ဖြစ်ပေါ်လာတယ်။ဒီတိမ်တိုက်တွေဟာ ကမ္ဘာမြေပေါ်ကိုရေဒီယိုလှိုင်းများ ထပ်ဆင့်ထုတ်လွင့်ပေးသော အဓိက လေထုအစိတ်အပိုင်းတွေပါဘဲ။နောက်ထပ်အားကောင်းတဲ့ ionization source တခုကတော့ galaxy ခေါ် နဂါးငွေ့တန်းတွေပါ။ Galaxy တွေက ထုတ်လွှတ်သော အာကာသရောင်ခြည်(cosmic ray) တွေမှာ ပရိုတွန်များ၊ ဟီလီယမ်များ၊ အီလက်ထရွန်များ၊ပိုဇ်ီထရွန်များ ပါဝင် ပါတယ်။
နျူစွမ်းအင်သုံးစက်ရုံများ။ ။ဒီစက်ရုံတွေကစွန့်ပစ်လိုက်တဲ့ စွန်ပစ်ပျော်ရည်များ နဲ့ ဓါတ်ငွေ့တွေဟာ radiation source တွေပါပဲ။
ဆေးပညာနယ်ပယ်တွင်အသုံးပြုသော source များ။ ။ ဆေးပညာနယ်ပယ် မှာရောဂါရှာဖွေရေးအတွက် radiation source များကို ကျယ်ပြန့်စွာအသုံးပြုကြပါတယ်။ရောဂါရှာဖွေရေး မှာဆိုရင် အစရှိသော source များကိုသုံးကြပါတယ်။X-ray ရိုက်ခြင်း၊radiation ကုသခြင်းနည်းများကြောင့်ရရှိသော ဓါတ်ရောင်ခြည်သင့်မှုဟာ သဘာဝမှရရှိသော ဓါတ်ရောင်ခြည် ထက်၁.၄ ဆ ပိုများပါတယ်။
Mitorie
Monday, July 28, 2008
ရေဒီယေးရှင်းအကြောင်းထပ်မံဆွေးနွေးခြင်း
Posted by NiceMind at 4:27:00 PM |
Saturday, July 26, 2008
Radiation အန္တရာယ်ကင်းရှင်းသောအခြေအနေ
နျူဓာတ်ပေါင်းဖိုထဲမှာ အလုပ်လုပ်တဲ့သူတွေနဲ့ စွန့်ပစ်ပစ္စည်းများ ( Nuclear Waste ) များနှင့် ပတ်သက်ပြီး အလုပ်လုပ်တဲ့သူတွေဟာ သတ်မှတ်ခွင့်ပြု ထားသော အမြင့်ဆုံး ဓာတ်ရောင်ခြည်ရရှိမှု ( maximum permissible dose MPD ) ထက်လျှော့နည်းပြီး Dose ခံစားရပါသည်။
ဥပမာ။ ။ ၂၀၀၃ ခုနှစ်မှာဆိုရင် နျူဓာတ်ပေါင်းဖိုထဲမှာ အလုပ်လုပ်တဲ့သူတွေနဲ့ စွန့်ပစ်ပစ္စည်းများ ( Nuclear Waste ) များနှင့် ပတ်သက်ပြီး အလုပ်လုပ်တဲ့သူတွေ ခံစားရတဲ့ ပျမ်းမျှ ( Average annual effective Dose ) ဟာဆိုရင်2.19 mSv ဖြစ်ပါသည်။ ဒီ Dose ပမာဏဟာဆိုရင် သတ္တ၀ါတွေပုံမှန်ရရှိနေသော ပမာဏနှင့် မကွာခြားတာကို တွေ့ရှိရပါသည်။
နျူဓာတ်ပေါင်းဖိုထဲမှာ အလုပ်လုပ်တဲ့သူတွေနဲ့ စွန့်ပစ်ပစ္စည်းများ ( Nuclear Waste ) များနှင့် ပတ်သက်ပြီး အလုပ်လုပ်တဲ့သူတွေ အတွက် အများဆုံးခွင့်ပြုထားတဲ့ Dose ကတော့ တစ်နှစ်ကို 20mSv ထက်မပိုရပဲ နောက်ဆုံး(၅) နှစ်ပေါင်းမှာ 50 mSv ထက်ပိုလို့မရပါဘူး။ ဒီသတ်မှတ်ချက်ဟာ ရုရှနိုင်ငံ radiation ကာကွယ်ထိန်းသိမ်းရေးဌာန ကသတ်မှတ်ထားသော သတ်မှတ်ချက် တစ်ခုဖြစ်ပါသည်။
သာမန်ပြည်သူတွေအတွက် အများဆုံး ခွင့်ပြုထားတဲ့ Dose ကတော့ တစ်နှစ်ကို 1 mSv ဖြစ်ပြီး နောက်ဆုံး(၅) နှစ်ပေါင်းမှာ 5mSv ထက်ပိုလို့မရပါဘူး။ ဒီသတ်မှတ်ချက်တွေဟာ နိုင်ငံတကာစံနှုန်းတွေလည်းဖြစ်ပါသည်။ အမေရိကား နှင့် တရုတ်နိုင်ငံတွေမှာ ဆိုလျှင် ဒီသတ်မှတ်ချက်တွေထက် ၂.၅ ဆ ပိုပြီးများနေတာကို တွေ့ရှိရပါသည်။
သဘာဝ အလျှောက်ရရှိသော Dose နှင့် ဆေးစစ်မှာတွေကြောင့်ရရှိသော Dose များကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါဘူး။
Posted by NiceMind at 2:50:00 PM |
Sunday, July 13, 2008
Atomic Energy ကိုသုံးခြင်းကြောင့်ရရှိနိုင်သော Risk .....
Risk - ဆိုတာကတော့ သတ်မှတ်တဲ့ သက်တမ်းမရောက်ခင်စပ်ကြားကာလမှာ သေဆုံး၊ ပျက်ဆီးနိုင်ခြင်းဖြစ်နိုင်ချေ ( သို့ ) အန္တရာယ်ကျရောက်မည့်အခြေအနေ ကိုခေါ်ဆိုပါသည်။
Risk ဟာပုံမှန်ဖြစ်ပေါ်နေတာရှိသလို ပုံမှန်မဟုတ်တဲ့ Process တစ်ခုပြောင်းလဲမှုကြောင့်လည်းဖြစ်ပေါ်လာနိုင်ပါသည်။
Statistics နှင့် Evaluative( Estimate ) Risk ဆိုပြီး(၂) မျိုး ကွဲပြားပါသေးသည်။
Statistical Risk ကတော့ လက်တွေ့ဖြစ်ပေါ်နေတဲ့ အချက်တွေပေါ်မှာ မူတည်ပြီးတော့ တွက်ချက်ပါသည်။
ဥပမာ။ ။ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ Risk ကိုလေ့လာကြည့်ကြပါစို့။ (၁) ရက်ကို စီးကရက် (၂၀) လိပ်ထက်ပို
သောက်တဲ့ လူ(၁)ယောက်သည် Statistics အရ Dose 1*10^(-4) လောက်ခံစားရပါသည်။ ဒီကိန်းဂဏန်းက ဘာကို ညွှန်ပြသလဲဆိုရင်
ဆေးလိပ်သောက်တဲ့သူ (၁၀ ၀၀၀) ထဲကမှ (၁) နှစ်မှာ (၁) ယောက်သေဆုံးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ယာဉ်မတော်တဆမှကြောင့် ဖြစ်ပွားတဲ့ Risk ကိုထပ်မံလေ့လာကြည့်ကြပါစို့။ ရုရှနိုင်ငံမှာတွင် ယာဉ်တိုက်မှု
ကြောင့်ဖြစ်ပေါ်တဲ့ သေဆုံးမှုက တစ်နှစ်ကို 3*10^(-4) ဖြစ်ပါသည်။ ဒီကိန်းဂဏန်းတွေဟာ ရုရှ ယာဉ်စည်းကမ်းထိမ်းသိမ်းရေးကော်မတီ
မှ ကိန်းဂဏန်းများဖြစ်ပြီး (၁) နှစ်ကို ယာဉ်မတော်တဆမှုကြောင့် ပျမ်းမျှလူအရေအတွက် (၁၀ ၀၀၀)ခန့်သေဆုံးလျှက်ရှိပါသည်။
နောက်တစ်မျိုးကတော့ Evaluative(Estimate) Risk ဖြစ်ပါသည်။ ဒီအမျိုးအစား Risk တွေကတော့ Statistics နဲ့ တွက်ချက် လို့ မဖြစ်နိုင်ပါ။ တစ်ခါတစ်ရံမှာ လုံးဝ မမျှော်လင့်ထားသော Risk မျိုးလဲရရှိတတ်ပါသည်။
ဥပမာ။ ။Atomic Energy အသုံပြုခြင်းကြောင့် ရရှိခံစားရသော Dose ကိုလေ့လာကြည့်ကြပါစို့။ သူ့ကိုတော့ ခန့်မှန်းပြီး
တွက်ချက်ရပါသည်။ Dose တန်ဖိုးကလည်း အမျိုးမျိုးဖြစ်နိုင်ပါသည်။ ဒါကြောင့်လည်း အလွန်သေးငယ်သော Dose ကစပြီးသော တွက်
ချက်ရပါသည်။ Experience ကနေကိန်းဂဏန်းတွေရယူတွက်ချက်ဖို့ခက်ခဲလို့ပါပဲ။ Atomice Energy ကြောင့်ဖြစ်ပေါ်သော အလွန်သေး
ငယ်သော ပမာဏ Dose ကိုတောင် ယခုအချိန်အထိ ငြင်းခုံနေကြတုန်းပါပဲ။ ကောင်းကျိုးလား ဆိုးကျိုးလား မခွဲခြားနိုင်ကြသေးပါဘူး။ ယေဘုယျအားဖြင့် Reactor နဲ့ဝေးတဲ့နေရာမှာ နေထိုင်တဲ့ သတ္တ၀ါတွေအတွက် Estimation (Nuclear) Risk ကတော့ - 10^(-7) မှ
10^(-6) အထိယူပါသည်။ Reactor နဲ့ နီးတဲ့နေရာမှာ နေထိုင်တဲ့ သတ္တ၀ါတွေအတွက် Estimation (Nuclear) Risk ကတော့
8*10^(-7) မှ 3*10^(-6) အထိယူပါသည်။ အမေရိကန်သိပ္ပံ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ကျောက်မီးသွေးမှ Power ထုတ်ယူရာမှာ ရရှိတဲ့ Risk ကတော့ 3*10^(-5) ဖြစ်ပါသည်။ နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် Atomice Energy Risk ထက် (၁၀၀) ဆ
ပိုများနေတာကို တွေ့ရှိရပါသည်။
မှတ်ချက်။ ။ ^ သင်္ကေတ က power ကို ကိုယ်စားပြုပါသည်။
Posted by NiceMind at 11:50:00 PM |
Monday, July 7, 2008
ယူရေနီယမ်မဟုတ်သော အခြားလောင်စာ
ယနေ့ခေတ်ကာလမှာတော့ ယူရေနီယမ် အပြင် MOF(Mixed-Oxide Fuel) တွေကိုလည်း အသုံးပြုကြပါသည်။
MOF တွေဟာ အသုံးပြုပြီးသား လောင်စာ ပလူတိုနီယမ် နဲ့ ယူရေနီယမ် အရောနှောတွေကနေ ပြန်လည်ရရှိတာဖြစ်ပါသည်။ MOF လောင်စာတောင့် တွေကို ရုရှမှာတော့ တပ်ဆင်အသုံးပြုပြီးဖြစ်ပါသည်။
သူတို့တွေစမ်းသပ်အသုံးပြုပြီး ရရှိလာသော Result များမှာ အလွန်အားရစရာကောင်းပါသည်။ ထို့အပြင် သိုရီယမ် ကို လည်း လောင်စာအဖြစ် အသုံးပြုလို့ရပါသေးသည်။
Posted by NiceMind at 3:20:00 PM |
Thursday, July 3, 2008
အိုင်ဆိုတုပ်တစ်ခု၏ သက်တမ်းဝက်
Isotope တစ်ခုရဲ့ သက်တမ်းဝက်ဆိုတာကတော့ ၄င်း Isotope ရဲ့ အရေအတွက် ထက်ဝက်လျော့သွားရန် ကြာသောအချိန်ကာလအပိုင်းကို ဆိုလိုတာပါ... ဥပမာနေနဲ့ဆိုကြပါစို့... နျူကလီယာ ရူပဗေဒ ဓာတ်ခွဲခန်းတစ်ခုအတွင်းမှာ နိုက်ထရိုဂျင် 13N နျူကလိယပေါင်း (၄၀၀၀) ကို ထုတ်လုပ်တယ်ဆိုပါစို့...
13N ဟာ ကြာကြာမတည်မြဲတာကြောင့် 13C အဖြစ် ဘ၀ပြောင်းလဲသွားပါတယ်... ပထမ (၁၀)မိနစ်မှာ 13N အလုံးပေါင်း (၂၀၀၀)
13C အဖြစ်ပြောင်းလဲသွားတယ်ဆိုပါစို့... မိနစ် (၂၀)ကြာတဲ့အခါ အလုံးပေါင်း (၁၀၀၀) ဘ၀ပြောင်းတယ်... အဲဒီ့အခါမှာတော့ 13N အလုံးပေါင်း မူလ(၄၀၀၀) ရှိတဲ့အထဲက (၁၀၀၀)ပဲ ကျန်ပါတော့တယ်... တတိယသက်တမ်းဝက်ဖြစ်တဲ့ မိနစ်(၃၀)ကြာတဲ့အခါမှာတော့ အလုံး(၅၀၀)ပဲကျန်ပါတော့တယ်... မိနစ် (၄၀)ကြာတဲ့အခါမှာတော့ အလုံး (၂၅၀)ပဲ ကျန်ပါတယ်... ယခုဖော်ပြတဲ့ ဥပမာ မှာဆိုရင် 13N ရဲ့ သက်တမ်းဝက်ဟာ (၁၀)မိနစ်ဖြစ်ပါတယ်... ဘယ်လိုရေဒီယိုသတ္တိကြွတဲ့ ပစ္စည်းမျိုးမဆို ၄င်းရဲ့ သက်တမ်းဝက်ကိုသိမယ်ဆိုရင် ကျန်ရှိတဲ့ ပစ္စည်းရဲ့ အပိုင်းကိန်းဂဏန်းကို တွက်ချက်ယူနိုင်ပါတယ်... ဥပမာ.. သက်တမ်းဝက် (၄)ကြိမ်ရှိခဲ့မယ်ဆိုရင်တော့ အရင်က ရှိခဲ့တဲ့ isotope စုစုပေါင်းရဲ့ (၁/၁၆) (၁၆)ပုံ (၁)ပုံသာ ကျန်ပါလိမ့်မည်... ၁/၂ * ၁/၂ * ၁/၂ * ၁/၂ = (၁/၁၆) ... ယခုဖော်ပြတဲ့ဥပမာ မှာဆိုရင်တော့ သက်တမ်းဝက် (၄)ဖြစ်ပြီးသား 13N ဟာ (၄၀၀၀) ကို (၁၆) ပုံ (၁)ပုံသာ ဖြစ်တဲ့ အလုံး (၂၅၀) သာ ကျန်ပါတယ်... သက်တမ်းဝက်ပေါင်း အကြိမ် (၂၀)ဆိုရင်တော့ (၁)သန်း ပုံ (၁)ပုံ [၁/၁၀၄၈၅၇၆ ] လောက်သာ ကျန်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ် ဆိုတဲ့ကြောင်း ရေးသားဖော်ပြလိုက်တယ်ခင်ဗျာ...
အခုတော့ ဒီလောက်ပါပဲနော်... ယူရေနီယမ်အိုင်ဆိုတုပ်၊ ပလူတိုနီယမ်အိုင်ဆိုတုပ်တို့ရဲ့ သက်တမ်းတွေကိုလဲ ဒီလိုပဲ တွက်ချက်ကြပါတယ်... တွက်ချက်ရာမှာ အသုံးပြုတဲ့စက်ကိရိယာ၊ နည်းစနစ်တွေတော့ ကွဲပြားကောင်းကွဲပြားပါလိမ့်မည်... နောက်မှပဲ သက်တမ်းဝက်ကို အသုံးပြုပြီး ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ သက်တမ်းကို ဘယ်လိုတွက်ချက်ခန့်မှန်းကြတယ်ဆိုတာ ကို ဗဟုသုတအဖြစ်ဆက်လက်ဖော်ပြပေးပါမည်...
စာဖတ်သူအပေါင်း ဗဟုသုတတိုးပွားနိုင်ကြပါစေ....
စေတနာအပြည့်ဖြင့်
စာကြွင်း ..... 13N မှာ 13 က အက်တမ်၏အလေးချိန် ( atomic weight ) ဖြစ်ပါသည်။
Posted by အားသစ် at 5:50:00 PM |
Wednesday, July 2, 2008
Dose radiation ? နှင့် တိုင်းတာပုံ။
Dose radiation ဆိုတာကို radiation physics နဲ့ medical physics တွေမှာ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပါသည်။ ယေဘုယ အားဖြင့် effective dose ကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့လိုအပ်ပါသည်။ ဘာကြောင့်လည်းဆိုတော့ သူက သတ္တ၀ါ တွေကို အန္တရာယ်(risk) ဖြစ်ပေါ်စေလို့ပါပဲ။
သူ့ကို တိုင်းတာတဲ့ယူနစ်ကတော့ Sievert(Sv) ဖြစ်ပါသည်။ သူကဘာနဲကဆက်သွယ်မှုရှိလဲဆိုတော့ Absortion Dose နဲ့ဆက်သွယ်မှုရှိပါသည်။ သူ့ရဲ့ယူနစ်ကတော့ Gray ဖြစ်ပါသည်။
Absortion Dose ဟာ radiation ကိုလိုက်ပြီးတော့ သူ နဲ့ သက်ဆိုင်တဲ့ Organ တွေ Tissues တွေကိုပဲ သက်ရောက်ပါသည်။
တကယ့်လက်တွေ့မှာ Biological Dose အဓိကရစေတာကတော့ Rontgen(X-ray photography) ပဲဖြစ်ပါသည်။ သတ္တ၀ါတွေ အများဆုံးတွေ့ရတဲ့ radiation လည်းဖြစ်ပါသည်။
X-ray တစ်ခါရိုက်ရင် ကြုံရတဲ့ Dose ကတော့ 0.01Sv ပဲဖြစ်ပါတယ်။ ဒါကြောင့် X-ray ရိုက်တဲ့အခါမှာ ရရှိစေမည့် Dose ကို သိရှိရန်လည်း အရေးကြီးပါသည်။ 1 Sv ဆိုတဲ့ အတိုင်းအတာဆိုရင်တော့ အတော်ကို များနေပါပြီ။ ပုံမှန်အခြေအနေမျိုးမှာ လူတစ်ယောက်သည် သက်တမ်းတလျှောက်လုံးမှာ ဒီထက် (၅)ဆ နည်းသော အတိုင်းအတာ Dose ပဲ ခံစားရရှိပါသည်။ Dose တိုင်းတဲ့ နေရာမှာ လွယ်ကူစေရန် အသုံးပြုတဲ့ယူနစ်တွေကတော့ ( mSv=0.001,10^(-3)Sv, နှင့် micro Sievert ( mkSv=0.000001,10^(-6)Sv) တို့ဖြစ်ကြပါသည်။
Dose ရဲ့ effect သက်ရောက်မှုကို အချိန်(time) ပါထည့်တွက်မည် ဆိုလျှင်တော့ power of Dose ဖြစ်ပါသွားပါပြီ။
ဥပမာ။ ။(micro Sievert in one second, mkSv/s). power of Dose ဟာ အလွန်အရေးကြီးပါသည်။ အချိန်အနည်းငယ်အတွင်းမှာ Dose သက်ရောက်မှု ပမာဏ များနေမည် ဆိုလျှင်တော့ မကောင်းတဲ့ လက္ခဏာ ( Negative ) ကို ဦးတည်နေပြီဖြစ်ပါသည်။
Dose အမျိုးမျိုးရရှိနိုင်ပုံတွေကို အောက်တွင်ဖော်ပြထားသော လင့်(ခ်)လေးများတွင် သွားရောက်လေ့လာနိုင်ပါသည်။
Radioactive Discharges
Nuclear Emergencies
Electric and Magnetic Fields
Radio Waves
Radon
Sunsense
Transport of Radioactive Materials
Posted by NiceMind at 1:11:00 PM |
Ionizing radiation ကရတဲ့ activity ဆိုတာဘာလဲ။ သူ့ကိုဘာနဲ့တိုင်းတာပါသလဲ။
Source(ရေဒီယိုသတ္တိကြွမှုဖြစ်နေသောနေရာ) တစ်ခုကရတဲ့ activity ဆိုတာကတော့ သတ်မှတ်တဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ
ဖြစ်ပေါ်သော နျူကလီးယား ပြောင်းလဲမှုဖြစ်စဉ်ကို ခေါ်ဆိုပါသည်။ သူ့ကိုတိုင်းတာတဲ့ယူနစ်ကတော့ bacquerel(Bq) ဖြစ်ပါသည်။ (၁) စက္ကန့်အချိန်အတိုင်းအတာ အတွင်းမှာ နျူကလီးယားပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပါသည်။ (၁) Bq ကတော့ ပမာဏအလွန်သေးငယ်သော radiation activity ပဲဖြစ်ပါသည်။
ဥပမာ။ ။လူ့ခန္ဒာကိုယ်က ခံနိုင်သော ရေဒီယို activity က (၇၅၀၀) Bq ရှိပါသည်။ ဒီတော့ (၁) Bq ဆိုတဲ့ပမာဏက အလွန်သေးငယ်တာပေါ့နော်။ တကယ့်လက်တွေ့မှာတော့ တိုင်းတာရလွယ်ကူစေရန်အတွက် Kilo Bq ကိုပဲသုံးကြပါသည်။
( 1 kBq=1000 Bq)၊ နောက်ဆုံးအသုံးများတဲ့ ယူနစ်ကတော့ ကျူရီ ( Curie ) ပဲဖြစ်ပါသည်။
1 Q = 3.7 * 10^10 Bq ၊
Posted by NiceMind at 12:36:00 PM |
Tuesday, July 1, 2008
ကလောင်ရှင်အသစ်မိတ်ဆက်
ဒီနေ့တော့ ကျွန်တော့်၏ ညီငယ် တစ်ယောက်လည်းဖြစ်၊ ပညာရှာဖော်လည်းဖြစ် သော ကလောင်ရှင် အသစ် အားသစ် နှင့် မိတ်ဆက်ပေးပါရစေခင်ဗျာ။ ကျွန်တော် တို့ဟာ မိမိတို့ ဖတ်မှတ်လေ့လာ ထားသည်များကို စာဖတ်သူများသို့ ထပ်မံ ဆင့်ပွား တင်ပြခြင်းသာဖြစ်ပါသည်။
ဝေဖန်အကြံပြုချက်များကိုလည်း ၀မ်းမြောက်ဝမ်းသာကြိုဆိုလက်ခံနေမည်ဖြစ်ပါသည်။
ကိုအားသစ် ၏လက်ရာလေးကို တော့ အောက်က လင့်(ခ်)လေးမှာ မြည်းစမ်းနိုင်ပါသည်ခင်ဗျာ။
လေးစားစွာဖြင့်
ယူရေနီယမ်သမိုင်းကြောင်း၊ထုတ်ယူပုံအဆင့်ဆင့်နှင့်ဂုဏ်သတ္တိများ
Posted by NiceMind at 3:39:00 PM |
Ionizing Radiation
ပုံ။ ။Ionizing radiation များ အရာဝတ္ထုနှင့် ဓာတ်ပြုပုံ
Ionizing radiation ဆိုတာကတော့ စွမ်းအင်မြင့်မားတဲ့ အမှုန်တွေကို ခေါ်ဆိုပါသည်။ သူတို့ဟာ electron တွေကို ဖျက်ဆီးပစ်ကြပြီး သက်ဆိုင်ရာ အရာဝတ္ထု ( Biology ) တွေကိုလည်းပျက်စီးစေပါသည်။
Ionizing ဆိုတာကတော့ radiation အမှုန်တွေ အားလုံးကိုခေါ်ဆိုပါသည်။ သူတို့ဟာ Readiative Decay နဲ့ Nuclear Reaction တွေကြောင့်ဖြစ်ပေါ်လာကြပါသည်။ သူတို့ကတော့ အယ်(လ်)ဖာ( alpha )၊ ဘီတာ ( beta )၊ ဂမ်မာ ( gamma ) နှင့် neutron radiation တွေပဲဖြစ်ကြပါသည်။
တစ်ခုသတိပြုရမှာကတော့ ရေဒီယိုလှိုင်းတွေ၊ အလင်းနှင့် သူတို့ပတ်ဝန်းကျင် လှိုင်းအလျား(frequency) ရှိသော အမှုန်တွေ ကိုတော့ ionizing အမှုန်တွေထဲမှာ ထည့်မတွက်ပါဘူး။
Posted by NiceMind at 11:51:00 AM |
Saturday, June 28, 2008
ရေဒီယိုသတ္တိကြွခြင်း
ပုံ။ ။အယ်(လ်)ဖာ၊ ဘီတာ နှင့် ဂမ္မာ အမှုန်များကို ကာကွယ်ထိန်းသိမ်းနည်းပုံ
ရေဒီယိုသတ္တိကြွခြင်းဆိုသည်မှာ အက်တမ်(Atom)တွေ၏ ဂုဏ်သတ္တိပြောင်းလဲခြင်းပင် ဖြစ်ပါသည်။ တည်ငြိမ်မှု အဆင့်မရောက်ရှိသေးတဲ့ အရာဝတ္ထုတွေကို ဘာနဲ့တိုင်းတာသလဲဆိုလျှင် သူတို့ရဲ့ သက်တမ်းဝက်(half life) နှင့်တိုင်းတာပါသည်။ ဆိုလိုသည်မှာ ရေဒီယိုသတ္တိကြွခြင်းဖြစ်ပေါ်နေသော အရာသတ္ထု၏ တ၀က်ပမာဏကျွေကျ(Decay) ဖြစ်မည့် အချိန်ပင်ဖြစ်ပါသည်။
ဥပမာ။ ။Fission Material တွေထဲက ကယ်(လ်)ဆီယမ်-၁၃၇ ကိုလေ့လာကြည့်မည်ဆိုလျှင် ------
ကယ်(လ်)ဆီယမ်-၁၃၇ ၏သက်တမ်းဝက်သည် (၃၀) နှစ်ဖြစ်ပါသည်။ ဆိုလိုသည်မှာ နောင်နှစ်ပေါင်း (၃၀)အကြာတွင် မူလပမာဏ ၏ တ၀က်သာကျန်တော့မည်ဟု ဆိုလိုပါသည်။ နောင်နှစ်ပေါင်း(၆၀) အကြာမှာတော့ မူလပမာ၏ (၁/၄) လေးပုံ ပုံ တစ်ပုံ ၊ အလားတူ နောင်နှစ်ပေါင်း (၉၀)အကြာမှာတော့ မူလပမာဏ ရဲ့ (၁/၈) ရှစ်ပုံ ပုံ တစ်ပုံ သာကျန်တော့မည်ဟုဆိုလိုပါသည်။
သက်တမ်းဝက်ကတော့ သက်ဆိုင်ရာ Isotopes ပေါ်မှာမူတည်ပါသည်။ သူ့ကိုပြုပြင် ပြောင်းလဲရန်မဖြစ်နိုင်ပါ။ တချို့ အက်တမ်တွေရဲ့သက်တမ်းဝက်ကတော့ အရမ်းကို ကြာမြင့်ပါသည်။
ဥပမာ။ ။ယူရေနီယမ် - ၂၃၅ = နှစ်သန်းပေါင်း (၇၁၀) နှစ်
တကယ့်လက်တွေ့မှာတော့ အယ်(လ်)ဖာ(Alpha) နှင့် ဘီတာ(Beta) ထုတ်လွှတ်ပေးသော အက်တမ်များကိုသာ အဓိကထားလေ့လာကြပါသည်။
အယ်(လ်)ဖာ(Alpha) ရေဒီယို သတ္တိကြွခြင်း ဆိုသည်မှာ အယ်(လ်)ဖာ( Helium-4) အမှုန်ထုတ်လွှတ်ခြင်းပဲဖြစ်ပါသည်။ သူ့ရဲ့အရှိန်ကတော့ (၁၀၇ မီတာ/စက္ကန့်) ဖြစ်ပါသည်။ သူ့ရဲ့ ဂုဏ်သတ္တိတွေကတော့ Uranium, Plutonium, Torium တို့နှင့် Group တစ်ခုတည်းဖြစ်ပါသည်။ သူ့ကို ထိန်းသိမ်းရ အလွန်လွယ်ကူပါသည်။ လေထုအကွာအဝေးနဲနဲပဲ ( စင်တီမီတာ ) ဆိုရင်ရပါပြီ။
ဥပမာ။ ။စာရွက်လေးတစ်ရွက်လောက်ဆိုလျှင်လည်းရပါသည်။ ဘာလို့လဲဆိုတော့ သူကမဖောက်သွားနိုင်ဘူးလေ။
ဘီတာ(Beta radiation) ဆိုတာကတော့ electron တွေထုတ်လွှတ်ခြင်းပဲဖြစ်ပါသည်။ သူတို့ရဲ့အရှိန်ကတော့ အလွန်ကို မြင့်မားပါသည်။ ဘီတာ(Beta radiation) ဖြစ်စေသော အဓိက တရားခံကတော့ Uranium ဖြစ်ပါသည်။ အခြားသော Materials တွေမှာလည်းဖြစ်နိုင်ပါသည်။ ဘီတာ(Beta radiation) ၏ အန္တရာယ်ဖြစ်စေမှုသည် အယ်(လ်)ဖာ(alpha) ထက်မြင့်မားပြီး ထိန်းသိမ်းရလည်း ခက်ခဲပါသည်။ သူ့ကိုထိန်းသိမ်းရန်အတွက် အလူမီနီယမ်(Aluminium) နှင့် Plexiglas မီလီမီတာ အနည်းငယ်အထူဆိုရင်ရပါပြီ။
Radiation Decay ဖြစ်တဲ့ အခါမှာတော့ electromagnetic radiation တွေလည်းဖြစ်ပေါ်ကြပါသည်။ သူတို့ရဲ့ ကြိမ်နှုန်း(Frequency) ကတော့ အလွန်ကိုနိမ့်ပါသည်။ ဒါကိုတော့ gamma-radiation လို့လည်း ခေါ်ဆိုပါသည်။ သူတို့ရဲ့အန္တရာယ်ဖြစ်စေမှုက အလွန်မြင့်မားပါသည်။ သူ့ကိုတော့ Heavy Material တွေနဲ့ ထိန်းသိမ်းတာအကောင်းဆုံးဖြစ်ပါသည်။ ဥပမာ ။ ။Lead.
Posted by NiceMind at 6:30:00 PM |